Samsung Galaxy Grand Prime SM-G530F/H (v4.4.4) ကို အသုံးပြုနေကြသော မန်ဘာများအတွက် root ဖောက်နည်း တင်ပေးလိုက်ပါတယ်...
အရင် ဖုန်းကိုကွန်ပြူတာနဲ့ မချိတ်ခင်
Setting >> more >> security >> reactivation lock ကိုအမှန်ခြစ်ဖြုတ်ဖို့ လုံးဝ မမေ့ပါနဲ့ မရှိရင်မလိုပါဘူး။
အရင် ဖုန်းကိုကွန်ပြူတာနဲ့ မချိတ်ခင်
Setting >> more >> security >> reactivation lock ကိုအမှန်ခြစ်ဖြုတ်ဖို့ လုံးဝ မမေ့ပါနဲ့ မရှိရင်မလိုပါဘူး။
setting >> more >> developer >> option >> usb degubbing ကို ON ဖို့ လုံးဝ မမေ့ပါနဲ့။
Setting >> more ထဲမှာ developer option ကိုမတွေ့ရင် setting >> about device ထဲက Buildnumber ကို ၇ ချက်လောက် ဆက်တိုက်နှိပ်ပေးပါ ။ setting >> more ထဲမှာ developer option ပေါ်လာပါလိမ့်မယ်။
ဖုန်းဘတ်ထရီ အနဲဆုံး ၈၀ ရာခိုင်နှုန်း သွင်းထားပါ။ ကွန်ပြူတာကနေ Odin ဆော့ဝဲလ်ကို ဖွင့်လိုက်ပါ။ Pda အကွက်ကို အမှန်ချစ်ပေးပါ။ ပြီးရင် pda ကိုနှိပ့်ပြီး ဒေါင်းထားတဲ့ Root_grand_prime_sm-g530h-mohan.zip
ဖိုင်ကိုရွေးပေးလိုက်ပါ။ ပြီးသွားရင်" ဖုန်းကိုပါဝါပိတ်လိုက်ပြီး အသံတိုးတဲ့ခလုတ် ဖုန်းခလယ်ခလုတ်နဲ့ ဖုန်းပါဝါခလုတ် အဲ့.....ခလုတ် ၃ လုံးကို ပြိုင်တူခဏ နှိပ့်ထားပေးပါ။ Download mode ၀င်တာပြတာနဲ့ အကုန်တပြိုင်ထဲ လွှတ်လိုက်ပါ။ ပြီးရင် အသံချဲ့တဲ့ခလုတ်ကို တချက်နှိပ့်ပြီး confirm ရင် download mode ready ဖြစ်ပါပြီး။ စက်ရုပ်အစိမ်းရောင်ပုံလေး ပေါ်နေပါမယ်။ ပြီးရင်ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်လိုက်ပါ။ အဲလိုချိတ်လိုက်လို့ Odin ထဲက ID:COM နေရာမှာ အရောင်လေးနဲ့ ပြနေရင်ရပါပြီး။ အောက်က Start ကိုနှိပ်လိုက်တာနဲ့ သူလုပ်စရာရှိတာလုပ်ပီးရင် PASS/RESET ပြပီး ဖုန်းပိတ်သွားပါမယ် ။ ဖုန်းပြန်တတ်လာသောအခါ supersu ကို တွေ့ရပါမယ်...အပ်ဒိတ်တောင်းပါက လုပ်ပေးပါ။
(မှတ်ချက်။ ။Rootဖောက်နေတုန်း ကွန်ပျူတာနဲ့ဖုန်း ဆက်သွယ်ထားသော Usb ကြိုးမလွတ်သွားစေရန် ဂရုစိုက်ပေးပါ။ကွန်ပြူတာအတွက် Odin ဆော့ဝဲလ် Zip ဖိုင်ပါ။ Zip ဖြည်လိုက်ရင် အထဲမှာ Odin ရှိပါတယ်။
ဖုန်းနဲ့ ကွန်ပြူတာ ချိတ်ဆက်တဲ့အချိန်မှာ ကွန်ပြူတာက ဖုန်းကိုမသိရင် (Odin မှာ ID:COM နေရာမှာ အရောင်မပြလျှင်) ကွန်ပြူတာက ဖုန်းကိုသိအောင် ကွန်ပြူတာမှာ ထည့်ပေးရမဲ့ Samsung usb driver ပါ။ အောက်မှာ Download ရယူပြီး ကွန်ပြူတာမှာ Samsung USB driver ကို ကွန်ပျူတာမှာ run ထားပေးပါ....
ဒါဆိုအဆင်ပြေပါပြီး။

No comments:
Post a Comment